Post လေးတစ်ခုတင်ပါရစေ..
ဒီ post လေးက ကျနော့်သူငယ်ချင်းနဲ့ ဖုန်းဆိုင်သွားရင်း ဖုန်းဆိုင်ကဦးလေး ပြောပြလို့ သိလာခဲ့ရတဲ့အကြောင်းလေးပါ..။
ညီအကိုမောင်နှမသူငယ်ချင်းတွေသိထားသင့်တယ်ထင်လို့ ပြန်ပီးတော့မျှဝေပေးတာပါ။
ဖုန်းဆိုင်က ဦးလေးပြောပြတဲ့အကြောင်းကတော့
ဖုန်း battery အိုး အားခံတော့တဲ့အခါသော်လည်းကောင်း၊ batteryအိုး ဖောင်းပွလာတဲ့ အခါသော်လည်းကောင်း ပြုပြင်ပြီး ပြန်သုံးတာဖြစ်ပါတယ်။
ဦးလေးပြောပြတာကို အပိုင်းနှစ်ပိုင်းခွဲပြီး တင်ပြပေးပါမယ်။
၁။ ဖုန်းBattery ပျက်ရခြင်း
ဖုန်းရဲ့ battery ပျက်စီးရတာကတော့
ဖုန်းအားသွင်းရင်း ဖုန်းသုံးတာ၊ ဖုန်းကို ၁၀ရာခိုင်နှုန်းအောက်လျော့သွားသည်အထိသုံးတာ
စတဲ့အကြောင်းအရင်းတွေကြောင့်ဖြစ်ပါတယ်။
အဓိကအကြောင်းအရင်းကတော့ ဖုန်းကိုအားသွင်းနေစဉ် သုံးတာ ( ဥပမာ - ဗီဒီယိုကြည့်တာ၊ Game ဆော့တာ၊ Internet သုံးတာ ) ဘဲဖြစ်ပါတယ်။
ဖုန်းအားသွင်းပြီးသုံးရင် ဖုန်းဟာအစကတော့ နည်းနည်းပူမယ၊် နောက်တဖြည်းဖြည်းနဲ့ပိုပူ လာ မယ။် အရာဝတ္ထုဆိုတာ ပူလျှင်ပွတတ်တဲ့ ဘော ရှိပါတယ်။ အခုလိုဖုန်းပူလာတာနဲ့ ဖုန်းBattery အိုးထဲမှာပါတဲ့ carbon ဟာ ပွလာ တယ် ။ အဲလိုဘဲအမြဲသုံးနေရင် ကြာလာတော့battery အိုး ဟာ ဖောင်းပွလာတယ်။( ဒါကျနော်လည်း ဖြစ်ဖူးပြီးပါပြီ )
အဲလိုဖြစ်လာတော့ battery က မခံတော့ဘူး။
၂။ ပြုပြင်ခြင်း
အဲဒီလိုဖြစ်လာရင်တော့ အောက်ပါနည်းလမ်းကိုလုပ်ကြည့်ဖို့ အဲဒီ ဦးလေးကပြောပြပါတယ်။
မိမိတို့ရဲ့ batteryအိုး ကို ပလပ်စတစ်နှင့် လုံအောင်ပတ်ပါ(လုံခြုံအောင် ပတ်ရမှာဖြစ်ပါတယ်။ လုံခြုံအောင် မပတ်ဘူးဆိုရင်battery ရဲ့ terminal( အဖိုအမငုတ် )တွေကို ရေစိုမှာ ဖြစ်ပါတယ်။ ရေစိုရင် အဖိုအမ terminal တို့ကို current စီးပြီး လျှော့လိုက်နိုင်ပါတယ် )။ Battery အိုးကို လုံခြုံအောင် ပလပ်စတစ်ကြိုးနဲ့ပတ်ပြီးပြီဆိုရင်ရေခဲသေတ္တာ ထဲတွင် အနည်းဆုံး ၅ နာရီလောက် ထားပေးရပါမယ်။ အဲဒီထက်ပိုထားနိုင်လေကောင်းလေပါဘဲ။ တကယ်လို့ ရေခဲသေတ္တာ မရှိဘူးဆိုရင် ရေခဲတုံး ( သို့မဟုတ် ) ရေခဲဘူး နဲ့ လုပ်ရင်လည်းရပါတယ်။ အဓိကတော့ အဲဒီ Battery အိုးကို အအေးဓာတ်ရနေဖို့ပါဘဲ။ ရေခဲတုံး ( သို့မဟုတ် ) ရေခဲဘူးကိုအသုံး ပြုတဲ့ အခါ တစ် ခုသတိထား ရမှာ က battery ရဲ့ terminal ပါတဲ့ဘက်ကို ရေမစိုစေရန် အပေါ်ဘက်သို့ထောင်ပြီးထားရပါမယ်။
ဤသို့ ပြုလုပ်ပေးခြင်းဖြင့် မိမိတို့ဖုန်းကို ပြန်ပြီးသုံးနိုင်မှာဖြစ်ပါတယ်။ Oraginal လောက်တော့မကောင်းတော့ဘူးလို့ပြောပါတယ်။ ဒါပေမယ့် သိပ်ပြီးလည်းညံ့မသွားပါဘူးတဲ့....။
ဤနည်းက ဖုန်းဘေထရီပြန်လဲဖို့အခက်အခဲဖြစ်နေတဲ့လူတွေအတွက်ရော ဖုန်းအမျိုးအစား ရှားပါး၍ batteryအိုးဝယ်မရဖြစ်နေတဲ့သူတွေအ တွက်ပါ အဆင်ပြေစေမှာပါ..။
..အားလုံးအဆင်ပြေကြပါစေ..
* ဤအကြောင်းအားပြောပြခဲ့သော ဖုန်းဆိုင်မှ ဦးလေးအား ကျေးဇူးတင်ပါသည် *
Translate
Thursday, October 8, 2015
Wednesday, October 7, 2015
မိမိတို့ဖုန်းရဲ့ Home ခလုတ်၊ Back ခလုတ် နဲ့ Menu ခလုတ်ကို အနှိပ်ရသက်သာစေချင်တယ်၊ screen ပေါ်ကဘဲ tablet တို့လို့ လန်းချင်တယ်ဆိုရင် အောက်ကနည်းအတိုင်းလုပ်လိုက်ပါ
step by step ပြပေးထားပါတယ်
အဓိက လိုအပ်တဲ့ App ကတော့ Root Explorer ပါ
အဲဒါကို လိုချင်ရင်ဒီ Root Explorer ကိုနှိပ်ပါ
အဲဒါကို လိုချင်ရင်ဒီ Root Explorer ကိုနှိပ်ပါ
Monday, October 5, 2015
Sunday, October 4, 2015
Subscribe to:
Comments (Atom)

















