Translate

Thursday, October 8, 2015

ဖုန်း battery အိုး ပျက်​သွားရင်​ ပြန်​ပြုပြင်​ပြီး သုံးနိုင်​ပါတယ်

Post ​လေးတစ်​ခုတင်​ပါရ​စေ..
ဒီ post ​လေးက ကျ​နော့်​သူငယ်​ချင်းနဲ့ ဖုန်းဆိုင်​သွားရင်း ဖုန်းဆိုင်​ကဦး​လေး ​ပြောပြလို့ သိလာခဲ့ရတဲ့အ​ကြောင်း​လေးပါ..။
ညီအကိုေ​မာင်​နှမသူငယ်​ချင်းတွေသိထားသင့်​တယ်​ထင်​လို့ ပြန်​ပီး​တော့မျှ​​ဝေ​ပေးတာပါ။
  ဖုန်းဆိုင်​က ဦး​လေး​ပြောပြတဲ့အ​ကြောင်းက​တော့
ဖုန်း​ battery အိုး အားခံ​တော့တဲ့အခါ​သော်​လည်း​ကောင်း၊ ​batteryအိုး ​ဖောင်းပွလာတဲ့ အခါ​သော်​လည်း​ကောင်း ပြုပြင်​ပြီး ပြန်​သုံးတာဖြစ်​ပါတယ်​။
          ဦး​လေး​ပြောပြတာကို အပိုင်းနှစ်​ပိုင်းခွဲပြီး တင်​​ပြပေးပါမယ်​။
  ၁။  ဖုန်းBattery ပျက်​ရခြင်း
           ဖုန်းရဲ့ ​battery ပျက်​စီးရတာက​တော့
ဖုန်းအားသွင်းရင်း ဖုန်းသုံးတာ၊ ဖုန်းကို ၁၀ရာခိုင်​နှုန်း​အောက်​​လျော့သွားသည်​အထိသုံးတာ
စတဲ့အ​ကြောင်းအရင်း​တွေ​ကြောင့်​ဖြစ်​ပါတယ်​။
အဓိကအ​ကြောင်းအရင်းက​တော့ ဖုန်းကိုအားသွင်း​နေစဉ်​ သုံးတာ ( ဥပမာ - ဗီဒီယိုကြည့်​တာ၊ Game ​ဆော့တာ၊ Internet သုံးတာ ) ဘဲဖြစ်​ပါတယ်​။
       ဖုန်းအားသွင်းပြီးသုံးရင်​ ဖုန်းဟာအစက​တော့ နည်းနည်းပူမယ၊်​ ​နောက်​တဖြည်းဖြည်းနဲ့ပိုပူ လာ မယ။်​  အရာဝတ္ထုဆိုတာ ပူလျှင်​ပွတတ်​တဲ့ ဘော ရှိပါတယ်​။ အခုလိုဖုန်းပူလာတာနဲ့ ဖုန်းBattery အိုးထဲမှာပါတဲ့ carbon ဟာ ပွလာ တယ် ။ အဲလိုဘဲအမြဲသုံး​နေရင်​ ကြာလာ​တော့battery အိုး ဟာ ​ဖောင်းပွလာတယ်​။( ဒါကျ​နော်​လည်း ဖြစ်​ဖူးပြီးပါပြီ )
အဲလိုဖြစ်​လာ​တော့ battery က မခံ​တော့ဘူး။
  ၂။ ပြုပြင်​ခြင်း
       အဲဒီလိုဖြစ်​လာရင်​​တော့ ​အောက်​ပါနည်းလမ်း​ကိုလုပ်​ကြည့်​ဖို့ အဲဒီ ဦး​လေးက​ပြောပြပါတယ်။
       မိမိတို့ရဲ့ batteryအိုး ကို ပလပ်​စတစ်​နှင့်​ လုံ​အောင်​ပတ်​ပါ(လုံခြုံ​အောင်​ ပတ်​ရမှာ​ဖြစ်​ပါတယ်​။ လုံခြုံ​အောင်​ မပတ်​ဘူးဆိုရင်​battery ရဲ့ terminal( အဖိုအမငုတ်​ )​တွေကို ​ရေစိုမှာ ဖြစ်​ပါတယ်​။ ​ရေစိုရင်​ အဖိုအမ terminal တို့ကို current စီးပြီး ​လျှော့လိုက်​နိုင်​​ပါတယ်​ )။ Battery အိုးကို လုံခြုံ​အောင်​ ပလပ်​စတစ်​ကြိုးနဲ့ပတ်​ပြီးပြီဆိုရင်​​ရေခဲ​သေတ္တာ ထဲတွင်​ အနည်းဆုံး ၅ နာရီ​လောက်​ ထား​ပေးရပါမယ်​။ အဲဒီထက်​ပိုထားနိုင်​​လေ​ကောင်း​လေပါဘဲ။ ​တကယ်​လို့​ ရေခဲသေတ္တာ မရှိဘူးဆိုရင်​ ​ရေခဲတုံး ( သို့မဟုတ်​ ) ​ရေခဲဘူး နဲ့ လုပ်​ရင်​လည်းရပါတယ်​။ အဓိက​တော့ အဲဒီ Battery အိုးကို အ​အေးဓာတ်​ရ​နေဖို့ပါဘဲ​။ ​ရေခဲတုံး ( သို့မဟုတ်​ ) ရေခဲဘူးကိုအသုံး ပြုတဲ့ အခါ တစ် ခုသတိထား ရမှာ က battery ရဲ့ terminal ပါတဲ့ဘက်​ကို ​ရေမစို​စေရန်​ အ​ပေါ်​ဘက်​သို့ထောင်ပြီး​ထားရပါမယ်​။
    ဤသို့ ပြုလုပ်​​ပေးခြင်းဖြင့်​ မိမိတို့ဖုန်းကို ပြန်​ပြီးသုံးနိုင်​မှာဖြစ်​ပါတယ်​။ Oraginal ​လောက်​​တော့မ​ကောင်း​တော့ဘူး​လို့​ပြောပါတယ်​။ ဒါ​ပေမယ့်​ သိပ်​ပြီးလည်းညံ့မသွားပါဘူးတဲ့....။
         ဤနည်းက ဖုန်း​ဘေထရီပြန်​လဲဖို့အခက်​အခဲဖြစ်​​နေတဲ့လူ​တွေအတွက်​​ရော ​ဖုန်းအမျိုးအစား ရှားပါး၍ batteryအိုးဝယ်​မရဖြစ်​​နေတဲ့သူ​တွေအ တွက်​ပါ အဆင်​​ပြေ​စေမှာပါ..။

..အားလုံးအဆင်​​ပြေကြပါ​စေ..

* ဤအ​ကြောင်းအား​ပြောပြခဲ့​သော ဖုန်းဆိုင်​မှ ဦး​လေးအား ​ကျေးဇူးတင်​​ပါသည်​ *

2 comments:

  1. မ​ပေါက်​ကွဲတာ​သေချာရင်
    စမ်းရဲတယ်​။အဆင်​​ပြေပါ့မလား bro.

    ReplyDelete
  2. မ​ပေါက်​ကွဲတာ​သေချာရင်
    စမ်းရဲတယ်​။အဆင်​​ပြေပါ့မလား bro.

    ReplyDelete